Sunday, August 12, 2007

မီးမပါတဲ့ဆိုင်ကယ်ဆိုသတိထား

မနေ့ကနီလာတို့အိမ်ကိုအပြန် ကြုံရတဲ့အဖြစ်အပျက်လေးပါ ဇွတ်မောင်းလာတဲ့ ဆိုင်ကယ်တစ်စီးကို တစ်ခြားတစ်စီးကနေ မနည်းကပ်ရှောင်လိုက် ရပါတယ်မရှောင်နိုင်ရင် တစ်ကယ်ကိုအန္တရာယ်များပါတယ်။ အဲဒီဆိုင်ကယ်မှာမီးကလည်းမပါ အရှိန်ကလည်းမလျော့ ဆိုတော့ပိုဆိုးတာပေါ့၊ ညညမီးမပါတဲ့ဆိုင်ကယ်တွေကြောင့်တစ်ကယ်ကို စိတ်ညစ်ရပါတယ် မီးကလည်းမပါအရှိန်ကလည်း မလျော့သူတို့လိုစည်းမဲ့ကမ်းမဲ့တွေကြောင့်အန္တရာယ်အတွက်စိတ်ပူရတယ်။ အမယ်အဲဒီကိုယ်တော်ချောကတော့်တည်တည်ပဲ အရှိန်တောင်မလျော့ပဲမောင်းထွက်သွားပါတယ်။ ဘေးကလူတွေကတော့ဒီကောင် ကံကောင်းတယ်လို့ မှတ်ချက်ချကြပါတယ် သူဘယ်လောက်အထိကံကောင်းနိုင်မှာလဲလို့ တွေးရင်းသူလိုလူတွေများလာမှာတော့ တစ်ကယ်ကိုစိတ်ပူမိပါတယ်.......................


Wednesday, August 8, 2007

သမီးမလှချင်...

အလှအပတွေကိုစိတ်ဝင်စားတဲ့နီလာကနီလာလိုမလှချင်တွေအတွက်ဒီpostလေးကို တင်ပေးလိုက်တာပါ။ လှချင်လွန်းလို့ လုပ်လိုက်ပေမယ့် တစ်ခါတစ်ရံမှာမလှပဲ "ပြင်လွန်းလျှင်မလှ"သွားတက်တာကိုသိစေချင်လို့ပါ။ ပေါင်းတင်တာကို တော့အားလုံး သိ မှာပေါ့။ ပေါင်းတင်နည်းသေချာမသိ ဘဲပေါင်းတင်မိတဲ့ အမကြီးတစ်ယောက်ရဲ့ အမှားလို လိုက်မမှားမိစေချင်လို့ပါ။ သီးမွှေးငှက်ပျောသီး ကို ချေအနှစ်လုပ် မျက်နှာမှာလိမ်း ၁၅မိနစ်ခန့် ထားပြီး ရေဆေးလိုက်ရင်အသားအရေ တင်းရင်း ပြီးမှဲ့ခြောက်နဲ့ အမည်းစက် များ ကင်းစေနိုင်ပါတယ်။ အဲဒီနည်းအတိုင်း လုပ်ရင် တစ်ကယ်အသားလှစေပါတယ်။ အဲဒီ အမကြီးက မျက်နှာမှာအမည်းစက်လေး နည်းနည်းရှိတာကို ပျောက်ချင်လို့ဆိုပြီးနည်း ကိုသေသေချာချာမသိပဲ ငှက်ပျောသီးကို မဆေးပဲတစ်ညလုံး ထားအိပ် လိုက်တာ မနက်ကျတော့အမည်းစက်ရှိတဲ့နေရာလေးတွေမှာတင်းတိပ်လို ဖြစ်ကုန်တယ။်အစေး လောင်တဲ့သဘောရဲရဲလေးတွေ ဖြစ်နေတာပေါ့။ တန်ဆေးလွန်ဘေးတဲ့၁၅မိနစ်ခန့် ထားရုံ လေးနဲ့ မျက်နှာလှရမယ့်ဟာမလှတော့ပဲ အလှပျက်သွားတာပေါ့။အဲဒါကြောင့် ကြားရုံ၊ထင်ရုံသေချာ မသိတဲ့ နည်းတွေနဲ့ကိုယ်ရဲ့နုနယ်တဲ့မျက်နှာအလှကိုမပျက်ဆီး မိအောင်သတိထားမိဖို့လိုပါ တယ် အလှပျက်ဆီးပြီးမှတော်ပြီဆိုလို့မရတော့ဘူး။နုနယ်တဲ့မျက်နှာလေးအတွက်ကို အားလုံးဂရုစိုက်ဖို့ သတိပေးလိုက်ပါတယ်။


Tuesday, August 7, 2007

မရေးဖြစ်တဲ့ Blog post

Blog မှာpost မတင်ဖြစ်တာကို တစ်လလောက်ရှိပြီ။postကအသစ် မတင်ဖြစ် ပေမယ့်လည်း လိုတာရှိရင် blogကိုပြင် c box မှာသွားရေးဒီလောက်ပဲ လုပ်ဖြစ်တယ်။ postတင်ဖို့ အတွက်ရေးထားတာတွေကတော့ ကြွေးကျန်တွေဖြစ်နေတာပေါ့။ postအသစ်တင်ဖို့ အပြင်မှာ လာပြောတဲ့ သူငယ်ချင်းတွေရော C box မှာ လာရေးကြတဲ့ သူငယ်ချင်း တွေကိုရော အနည်းဆုံးတစ်ပတ်ကို post တစ်ခုလောက်တင်ပါမယ်လို့ :)