Sunday, August 12, 2007

မီးမပါတဲ့ဆိုင်ကယ်ဆိုသတိထား

မနေ့ကနီလာတို့အိမ်ကိုအပြန် ကြုံရတဲ့အဖြစ်အပျက်လေးပါ ဇွတ်မောင်းလာတဲ့ ဆိုင်ကယ်တစ်စီးကို တစ်ခြားတစ်စီးကနေ မနည်းကပ်ရှောင်လိုက် ရပါတယ်မရှောင်နိုင်ရင် တစ်ကယ်ကိုအန္တရာယ်များပါတယ်။ အဲဒီဆိုင်ကယ်မှာမီးကလည်းမပါ အရှိန်ကလည်းမလျော့ ဆိုတော့ပိုဆိုးတာပေါ့၊ ညညမီးမပါတဲ့ဆိုင်ကယ်တွေကြောင့်တစ်ကယ်ကို စိတ်ညစ်ရပါတယ် မီးကလည်းမပါအရှိန်ကလည်း မလျော့သူတို့လိုစည်းမဲ့ကမ်းမဲ့တွေကြောင့်အန္တရာယ်အတွက်စိတ်ပူရတယ်။ အမယ်အဲဒီကိုယ်တော်ချောကတော့်တည်တည်ပဲ အရှိန်တောင်မလျော့ပဲမောင်းထွက်သွားပါတယ်။ ဘေးကလူတွေကတော့ဒီကောင် ကံကောင်းတယ်လို့ မှတ်ချက်ချကြပါတယ် သူဘယ်လောက်အထိကံကောင်းနိုင်မှာလဲလို့ တွေးရင်းသူလိုလူတွေများလာမှာတော့ တစ်ကယ်ကိုစိတ်ပူမိပါတယ်.......................


No comments: