Monday, May 14, 2007

ဂျပန်ရိုးရာကပွဲ

ဂျပန်-မြန်မာချစ်ကြည်ရေးအတွက်ကပြခဲ့တဲ့ ဂျပန်ရိုးရာကပွဲ ကတော့ပြီးသွားပါပြီ။မန်းလေးက အမျိုးသားကဇာက်ရုံ မှာကျင်းပခဲ့တာပါ။ချစ်ကြည်ရေးပွဲ ဆိုတော့လက်မှတ်က မေတ္တာလက်မှတ်ပေါ့ ငွေနဲ့ပေးဝယ်ရတာမဟုတ်တော့ ကြည့်ချင်တဲ့ လူတွေက လက်မှတ်ပေးတဲ့ဌာနကို သွားပြီးတော့လက်မှတ်ယူရုံပါပဲ။ ပွဲကြည့်ပရိတ် တွေလဲတော်တော်များပါတယ် ဂျပန်အကတွေက ဥပမာဂျပန်ထီးအကတို့ယပ်တောင်အကတို့ဆို လည်းတော်တော်လေးလှပါတယ်။ပရိတ်သတ် တွေက အရမ်းသဘောကျတာ တွေ့ရပါတယ်။ အဖေနဲ့ သူငယ်ချင်းတွေကတော့ ပွဲပြီးမှပြန်လာခဲ့တယ်။ ဂျပန်ရိုးရာကပွဲ တော.မန်းလေးက လူကြီးပရိတ်သတ်တွေကြားမှာ ပြောစမှတ်ကို တွင်ကျန်ခဲ့ပါတယ်

No comments: