Tuesday, May 22, 2007

Blogအတွက်post

Blog စစသင် ခြင်း မှာပထဦးဆုံးစအမေးခံရတဲ့ မေးခွန်းကတော့ “အမဘာအကြောင်း Postတင်ရင်ကောင်း မလဲတဲ့”အမှန်အတိုင်းဝန်ခံရရင် နီလာကိုယ်တိုင်Blog တွေကို စပြီး လုပ်တက်ခါစက ဆိုရင် ဘာအကြောင်းလေးများ postတင်ရင်ကောင်းမလဲ ဆိုတဲ့စိတ်ကူးတွေ၊ ဒီအကြောင်း အရာကိုတင်လိုက်ရင်ကောင်းပါ့မလားဆိုတဲ့ အတွေးတွေ ရှိတက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေက ကိုယ်ရဲ့Blog ကိုဖတ်တော့မှာကိုး။Blog မှာpost တင်ဖို့အတွက်post ကို သိပ်စဉ်းစားမနေနဲ့လို့ပြောချင်တယ်။ဥပမာကိုယ်တင်မယ့် အကြောင်းအရာ၊ပွဲတော်စတာတွေကို post တင်နိုင်သလို၊ကိုယ့်ရဲ့စိတ်ကူး၊အမြင်၊ခံစားချက်တွေကိုလည်း post တင်လို့ရပါတယ်။Blog ကိုသိပ်ပြီးခက်ခဲတဲ့အရာလို့ မယူဆစေချင်သလို postတွေအတွက်လည်း သိပ်ပြီးဦးနှောက်မစားစေချင်ဘူး။ ဘာရေးရမှာမှန်းမသိလို့Postတင်ရမှာကြောက်နေတဲ့အဖြစ်လည်းမကြုံတွေ့စေချင်ဘူး။ အဲဒီတော့ မျက်လုံးလေးသာဖွင့်ကြည့်လိုက်ပါ။ နီလာတို့မြင်တွေ့နေရတာတွေဟာBlog မှာတင်ဖို့အတွက်post ကောင်းလေးတွေပါပဲ။

2 comments:

Chan Mya Soe said...

ဟုတ်ပါတယ် ဘလော့ဆိုတာ ကိုယ့်ရဲ့ ခံစားချက် ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို မျှဝေခံစားဖို့အကောင်းဆုံး နေရာလေးပါ :)

Yan said...

မနီလာ ပြောသွားတာမှန်ပါတယ်. ကော်မန့်ရေးမလို့ ကြည့်လိုက်တော့ ကိုဖိုးချမ်းက နေရာဦးသွားပြီ. (ခင်ဗျားသိမယ်. ကိုဖိုးချမ်း.)

ဘလော့ဂ်ကို ကျွန်တော်စလုပ်တုန်းကလည်း ဘာရေးရမှန်း မသိတဲ့ ပြဿနာ ရှိနေပါတယ်. အဲဒီ့တုန်းကဆို ဖတ်တဲ့သူတွေ မလာမှာကိုလည်း စိုးရိမ်နေခဲ့မိတယ်ဗျ. ရေးရင်းရေးရင်းနဲ့ မိတ်ဆွေသစ်တွေဖွဲ့မိတယ်. နောက်ပိုင်းမှာတော့ တစ်ခုကို တိတိပပနားလည်သွားခဲ့တယ်. ဘာလဲဆိုတော့ ….

ဘလော့ဂ်ဆိုတာ personal diary ပါပဲ. ကိုယ်ရေးချင်တာ ရေးပိုင်ခွင့်ရှိပါတယ်. ရေးချင်တဲ့ ပို့စ်ကိုလည်း ရေးလို့ရပါတယ်. တကယ်တော့ ရေးသားစရာအကြောင်းတွေ မရှားလှပါဘူး. ကဗျာ၊ ဓာတ်ပုံ၊ စာတိုပေစ၀တ္တုတို၊ သတင်း၊ ဘာသာပြန်၊ သီချင်း စသည်ဖြင့်ပေါ့. သူငယ်ချင်းအချင်းချင်းတွေကို နေ့စဉ်စကားပြောနေသလိုမျိုး အကြောင်းအရာတွေကို သေချာစဉ်းစားနေစရာမလိုဘဲ ရေးသားနိုင်ပါတယ်.

သို့သော်ဒီဒိုင်ယာရီကို ကိုယ်တစ်ယောက်တည်းအတွက် မဟုတ်ဘဲ public လုပ်ထားမှာ ဖြစ်လို့ မိမိရေးသားတဲ့စာကို မတင်ခင် မိမိဖာသာပဲ သင့်တော်မတော် အရင်ဆုံး စကားလုံးတွေ ရွေးချယ်သုံးစွဲမိဖို့ ကြိုးစားသင့်ပါတယ်. ဘာလို့လဲဆိုတော့ တစ်ချို့တွေက သူများတွေအကြောင်းကို အမနာပ ရေးတတ်ကြလို့ပါပဲ. အဲဒါဆိုရင်တော့ ကာယကံရှင်အတွက်ရော၊ မိမိရဲ့ ဘလော့ဂ်နာမည်ဂုဏ်သတင်းအတွက်ရော မကောင်းလှပါဘူး.

အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ ရေးသားတဲ့ပို့စ်တွေ ကောင်းဖို့ရယ်၊ လုံလောက်တဲ့အချိန်ရယ်၊ စာဖတ်သူအပေါ်ထားတဲ့ စေတနာရယ် တောက်ပဖို့လိုပါတယ်လို့ ကျွန်တော့်ရဲ့ ဘလော့ဂ်ရေးသားခြင်း အတွေ့အကြုံတစ်ချို့ကို ခရီးသွားဟန်လွှဲ ၀င်ရောက်မျှဝေလိုက်ရပါတယ်..

ဩော်. နောက်ဆုံးတစ်ခုကတော့ ဘလော့ဂါလောကမှာ ပြဿနာအတက်ဆုံးက ကော်မန့်တွေကို မဆင်မခြင် ၀င်ရောက်ရေးသားတတ်သူတစ်ချို့ကြောင့်ပါပဲ. အဲဒါကိုလည်း မိမိရဲ့ ဘလော့ဂါ personality မှာ ကင်းစင်မိစေဖို့ အောင်မြင်ချင်တဲ့ ဘလော့ဂါတိုင်း ကြိုးစားသင့်ပါတယ်ခင်ဗျာ….

(ကျွန်တော်လည်း ဒီကော်မန့်ကို ၃ ခါစဉ်းစားပြီးမှ ရေးပါတယ်. မတင်ခင်လည်း စကားလုံးတွေ တည်းဖြတ်လိုက်ပါသေးတယ်. ဟတ်ဟတ်ဟတ်)